ရေဦး ၂၁ သြဂုတ် 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့မင်္ဂလာရာမစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဦးဝေပုလ္လာစာရ အမှူးပြုလှူဒါန်းမှုနှင့်အတူ ရေဦးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများစုပေါင်း၍ မြန်မာနိုင်ငံအောက်ပိုင်း သဘာဝဘေးဒဏ်သင့်ပြည်သူများကို ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် သြဂုတ် ၂၀ ရက်က မွန်ပြည်နယ်သို့ရောက်ရှိ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

416

 

ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရာတွင် မင်္ဂလာဆရာတော်နှင့်အတူ ဦးမောင်မောင် (မြို့မိမြို့ဖ)၊ မြင့်မြတ်သူလူမှုကူညီရေးအသင်း၊ ပုညကုသလလူမှုကူညီရေးအသင်း၊ မုတ်စီကျေးရွာလူမှုကူညီရေးအသင်းတို့ လိုက်ပါခဲ့ကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း ရေးမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ အသင့်ခွဲဝေပေးနိုင်ရန်အတွက် ပါဆယ်ထုပ်များ တစ်ပါတည်း ထုပ်ပိုးသယ်ဆောင်သွားကြောင်း၊ ရေဦးမြို့နယ်မှ အများပေါင်းစုကောင်းမှုပြု လှူဒါန်းမည့်ငွေကျပ် စုစုပေါင်း ၃၃၉၀၃၇၅၀ နှင့် ဆန်အိတ် ၂၇၂ အိတ်အပြင် ဆီပုံး၊ ခေါက်ဆွဲခြောက်၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ စောင်၊ ခြင်ထောင်၊ အမျိုးသား အမျိုးသမီး ကလေးဝတ် အဝတ်အထည်များ၊ ပန်းကန်မျိုးစုံ၊ ဓာတ်ဘူးများ၊ စာအုပ်များစာရေးကိရိယာများ စုံလင်စွာဖြင့် သွားရောက်လှူဒါန်းခဲ့သည်။ 

 

045

 

ရေဘေးနှင့် မြေပြိုဒဏ်သင့် ပြည်သူများကို ထောက်ပံ့ကူညီမှုများ ပေးနိုင်ရေးအတွက် ရေဦးမြို့ မင်္ဂလာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်အတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေး အသင်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဉာဏရောင်ခြည် တေးဂီတအဖွဲ့တို့မှ အလှူငွေရရှိရေးအတွက်  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထိုက် (ရေဦး)