ရန်ကုန် ၂၁ သြဂုတ်


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၌ Japn Heart အဖွဲ့အစည်းနှင့်တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဂျပန်နိုင်ငံမှ မသန်စွမ်းသူများ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ရင်းနှီးစွာလက်တွဲဆောင်ရွက်နေမှု၊ အမြင်အာရုံမသန်စွမ်းသူများအတွက် မျက်မမြင်အနှိပ် စနစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်ကိစ္စ၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဥပဒေရေးရာကိစ္စ၊ မျက်မမြင်အကြောပြင် အနှိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံရှိ မျက်မမြင်လူငယ်များအတွက် အနှိပ်ပညာရပ်နှင့် အနှိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ မျက်မမြင်ဆေးပညာရပ်ဖွံ့ဖြိုးရေးအတွက် အကြောပြင်ပညာရှင်များ အတွက်စံသင်ရိုးညွှန်းတမ်း မိတ်ဆက်ရန်နှင့် လိုက်နာရန် စည်းမျဉ်းများဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre)၌ ကျင်းပသော ရေဘေးသင့်ဒေသများအတွက် အလှူငွေလှူဒါန်းပွဲသို့ တက်ရောက်ပြီး သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre)မှ ဘိုးဘွားများက စုပေါင်းလှူဒါန်းသော ငွေကျပ် (၅)သိန်းကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်