မန္တလေး ၂၂ သြဂုတ်


မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲအတွက် သတင်းမီဒီယာများနှင့် အကြိုညှိုနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ Hotel Sakura Princess Mandalay ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 

1

 


အဆိုပါ မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၃ ရက်မှာ မန္တလေးမြို့ Hotel Mandalay တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ယနေ့ အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 


"မန္တလေးမှာရှိတဲ့ သတင်းသမားတွေနဲ့ မဏ္ဍိုင်လေးရပ်ကြားမှာ နားလည်မှု တည်ဆောက်နိုင်ဖို့၊ သတင်းအချက်အလက် ပိုမိုရရှိရေး ရည်ရွယ်ပါတယ်'' ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။ 


မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးပွဲကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ 


အိမို့မို့ခိုင်