ငွေဆောင် ၂၂ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့တွင် စုပေါင်းရုံး(မြို့ရှောင်)လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းကို ငွေဆောင်မြို့ စည်ပင်သာယာရေးကော်မတီမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ် ၂၅၆ ဒသမ ၈ သန်းဖြင့် အရှည်ပေ ၅၂၀ဝ၊ အကျယ် ၂၂ ပေ၊ အမြင့် ၈ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား မြို့စည်ပင်သာယာရေးကော်မတီမှ Lot(3) ခုခွဲ၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ Lot(8) နှင့် Lot(9) အား အောင်နိမိတ်ကုမ္ပဏီမှလည်းကောင်း၊ Lot(10) အား ဥဿာကုမ္ပဏီမှ လည်းကောင်း တင်ဒါအောင်မြင်ခဲ့ပြီး သြဂုတ် ၈ ရက်မှစတင်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှင်းဝေဦး (ပြန်/ဆက်)


