နေပြည်တော် ၂၂ ဩဂုတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၃) ရက်မြောက်နေ့ အစည်းအဝေးသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးညီညီထွေး(ခ) ဦးကိုကိုလေး၏ မိတ်ဆွေ (၁) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်မှ တောင်သူ(၁၃) ဦး တက်ရောက်လေ့လာကြပြီး မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းမှ စာရင်းစစ်-၃ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (အမှတ်စဉ်-၄၉) သင်တန်းသား၊ သင်တန်းသူ (၉၆) ဦးနှင့် အုပ်ချုပ်သူ ဆရာ၊ ဆရာမ (၆) ဦး စုစုပေါင်း (၁၀၂) ဦးတို့သည် အမျိုးသားလွှတ်တော် အဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာသည့်ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၂၀၃၀၈)ဦး နှင့် ပြည်ပဧည့်သည် (၂၁၅၉) ဦးရှိကြောင်း သိရသည်။
(သတင်းစဉ်)


