နေပြည်တော် ၂၂ သြဂုတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Dan Chugg ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာဆိုင်ရာကိစ္စရပ်များ၊ လူ့အဖွဲ့အစည်းအပေါ် မီဒီယာသစ်တို့၏ သက်ရောက်ပုံများနှင့် မီဒီယာစီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


