ဇီးကုန်း ၂၂ ဩဂုတ်
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် (အ.ထ.က)ဇီးကုန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ဇီးကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များမှ ကျောင်းသား ကျောင်းသူ(၇၀)ဦးတို့က အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် "ပြည်သူ့ဘဝငြိမ်းချမ်းဖို့ ဒီမိုကရေစီဖော်ဆောင်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်း အဆင့်စာစီစာကုံး၊ ကဗျာနှင့်ပန်းချီ ပြိုင်ပွဲတွင် "ဒီမိုကရေစီအားကောင်းရေး တို့လူငယ်များ ဝန်းရံပေး" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်း နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများအား ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိပြီး လိုက်နာကျင့်သုံးတတ်စေရန်နှင့် ဒီမိုကရေစီနှင့်ပတ်သက်သည့် စံနှုန်းများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။
နိုင်လင်းထွန်း (ပြန်/ဆက်)


