နေပြည်တော်  ၂၂   ဩဂုတ် 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် နိုင်ငံ သံအမတ်ကြီး  Mr. Dan Chugg နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံသည့် ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ် တည်းဖြစ်စေမည့် ရွေးကောက်ပွဲဖြစ်စေရန်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးမည့်လူငယ်များအတွက် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဗြိတိန်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။ 

(သတင်းစဉ်)