နေပြည်တော် ၂၂ ဩဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုးက Online မှတစ်ဆင့် အထူးကုဆရာဝန်ကြီးများ၊ Radiologist များနှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းကုသခြင်း၊ ပေးပို့အဖြေရယူခြင်း၊ ဓာတ်ခွဲအဖြေများကို Online ဖြင့်ပြန်ပို့ခြင်းစသည့် Telemedicine နှင့် Teleradiology ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြင်ပအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က Telemedicine ဆိုသည်မှာ ၁၉၇၀ ခုနှစ်တွင် Hilly and Distance ဆိုသည့် Model of information and Communication Technology များ အသုံးပြုပြီး Computer ၊ Internet ၊ Cell Phone မှတစ်ဆင့် အဖြေကိုပေးသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ထိုသို့ပေးရာတွင် Telemedicine တစ်ခုတည်းမဟုတ်ဘဲ Teleradiology ၊ Telepath logy ၊ Teletamediology ၊ Telecycle trade ဟူ၍ရှိပါကြောင်း၊ Tele individual communicate with each other 6 and exchange information and Unration their life ဆိုပြီး Individual တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံများတွင် ရှေ့ပြေးစမ်းသပ်ကာလအဖြစ် ၂၆.၈.၂၀၁၈ ရက်နေ့မှစတင်၍ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ဆောင်မှုပေးခြင်း၊ စစ်တမ်းကောက်ယူခြင်း စသည့်ကိစ္စရပ်များကို ရွှေဇနကအများသက်ဆိုင်သော ကုမ္ပဏီမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တမ်းကောက်ယူ ခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Infrastructure များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ဓာတ်မှန်ဆရာဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းအပြင် ဆေးရုံ အသီးသီးရှိ အထောက်အကူပြုကော်မတီများက Teleradiology လုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်ခဲ့ပါကြောင်း။


Teleradiology လုပ်ငန်းများအပြင် ECG ၊ Ultrasonography ၊ Tele consultation စသည့် ဝန်ဆောင်မှုများကိုပါ တစ်စတစ်စ တိုးမြှင့်လုပ်ဆောင်နိုင်ပါက ကျေးလက်/မြို့ပြ ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက် ကျဉ်းမြောင်းစေမည်ဆိုသည့် တင်ပြချက်သည် မှန်ကန်ပါကြောင်း၊ စစ်တမ်းကောက်ယူရေးအဖွဲ့၏ တွေ့ရှိချက်များအရ Tele ဓာတ်မှန် ဝန်ဆောင်မှုလုပ်ငန်းအား လူနာများနှင့် လူနာစောင့်များ ကုသစောင့်ရှောက်မှုပေးသူ အများစုက လက်ခံကြောင်းနှင့် အသိပညာတိုးပွားရေးအတွက် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိနေပါကြောင်း၊ စနစ်တစ်ခု ပီပြင်စွာ ပေါ်ပေါက်လာရေးအတွက် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ICT Tools ရွေးချယ်ခြင်း၊ Procurement စနစ်တကျ ဆောင်ရွက်ခြင်းများအပြင် အရေးကြီးဆုံးဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် မူဝါဒများ ချမှတ်ရန်လိုအပ်လျက်ရှိပါကြောင်း၊ Telemedicine၊ Teleradiology နှင့် ပတ်သက်ပြီး Research Paper များအရ Regulation Policy , Standard Project , Acceptability of Public, Political Support, Available of Technology infrastructure including Hardware/ Software, Adequate Vans Wide ဆိုသည့်အရာများလည်း လိုအပ်မည်ဖြစ်ပါကြောင်း။


ထို့အပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် Sustainable Fund ရရန်လိုမည် ဖြစ်ပါကြောင်း၊ Clearly Define Legislation Clearly Telemedicine , Referral mechanizes နှင့် Protocol များ၊ Antiquate Train Human Resources and communication linkage between state holder များလိုအပ်မည်ဖြစ်ပါကြောင်း၊ စမ်းသပ်ဆဲကာလတွင် မွန်ပြည်နယ် အစိုးရ၏ အစီအစဉ်ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ဆေးရုံအထောက်အကူပြု ကော်မတီမှ ဝန်ဆောင်ခ ၆၀ဝဝ ကျပ်ကောက်ခံ၍ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် အကြိမ်ကြိမ်ဆွေးနွေးပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။


Laboratory နှင့် ပတ်သက်၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဆိုင်ရာဌာနသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရည်ညွှန်းပြုဓာတ်ခွဲဌာနဖြစ်ပြီး စစ်ဆေးချက်မှတစ်ဆင့် အမျိုးသားဓာတ်ခွဲရေးဆိုင်ရာ အဖြေလက်ခံရာဌာနကို Online ဖြင့် ပေးပို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ Online မှတစ်ဆင့် သက်ဆိုင်ရာဆေးရုံများသို့ အဖြေ သိသိချင်း ပြန်ပို့ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနသည် ၃.၆.၂၀၁၉ ရက်နေ့မှစပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း  ဆေးရုံကြီးမှ ပို့လာသည့် လုပ်ငန်းများ၊ Pathology များဆိုင်ရာများကိုလည်း တာဝန်ယူဆောင်ရွက်ပြီး Online ဖြင့် ပေးပို့လျက်ရှိပါကြောင်း၊ အဆင့်မြှင့် ဓာတ်ခွဲစစ်ဆေးခြင်း စုစုပေါင်း ၃၇၀ဝ ကျော်ရှိပြီး ဓာတ်ခွဲအဖြေများကို နေ့ချင်းပြီးထုတ်ပေးခြင်း အစမ်းသပ်ကာလ ကြာမြင့်မှုအပေါ်မူတည်၍ ထုတ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ အဆိုပါ ဆေးရုံများမှ ဓာတ်ခွဲစမ်းသပ်အဖြေများကို Online ဖြင့် ပြန်ပို့ခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၁၆.၆.၂၀၁၉ ခုနှစ်တွင် ကျင်းပသော အမျိုးသားကျန်းမာရေး ဓာတ်ခွဲဆိုင်ရာဘက်စုံတိုးတက်ဖွံ့ဖြိုးရေးမှ ဆောင်ရွက်နိုင်ရန်အတွက် လမ်းညွှန်ခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် Laboratory Information Management System ကို စတင် အသုံးပြုလျက်ရှိပါကြောင်း။


ထို့ကြောင့် Infrastructure များ၊ Software များနှင့် ဆက်လက်ပြီး ကောင်းမွန်စွာ သုံးနိုင်ရန်အတွက် Training များလိုအပ်ပြီး ၎င်းတို့အားလုံးကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


MDN


Credit> ပြည်သူ့လွှတ်တော်