နေပြည်တော် ၂၂ ဩဂုတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက အမျိုးသား ကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ် ခိုင်မာတောင့်တင်းအောင် မည်သည့်ကိစ္စများ ဆောင်ရွက်ထားသည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သက္ကရာဇ် ၂၀၃၀ တွင် လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံရရှိစေရန် ပန်းတိုင် Universal Health Coverage (UHC) ကို ရရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ငါးနှစ်သက်တမ်းရှိ အမျိုးသားစီမံကိန်း၊ အမျိုးသား ကျန်းမာရေးသစ် စီမံကိန်းသုံးခု ၂၀၁၇-၂၁ ခုနှစ်၊ ၂၀၂၁-၂၆ ခုနှစ်၊ ၂၀၂၆-၃၀ ခုနှစ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၁ ခုနှစ်၏ အဓိကရည်မှန်းချက်သည် မြန်မာနိုင်ငံသူ/သားအားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများ Basic Essential Package of Health Services ကို ငွေကုန်ကြေးကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး လက်လှမ်းမီရရှိစေရေးအတွက် ဖြစ်ပါကြောင်း။
၎င်းအမျိုးသားစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်အလိုက် လုပ်ငန်းစီမံကိန်းများ Annual Operation Plan-AOP များကို ရေးဆွဲထုတ်ဝေ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပထမနှစ်နှင့် ဒုတိယနှစ်အလိုက် ပုံမှန်လုပ်ငန်း စီမံကိန်းများ ပြုစုထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးရာဌာနများသည် ဝန်ဆောင်မှုများပေးရန်အတွက် အဆင်သင့်ဖြစ်နေစေရန် Supply-side Readiness အစီအမံများ၊ ကျန်းမာရေးဝန်ဆောင်မှုများကို ရယူရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ငွေကုန်ကြေးကျမှု နည်းပါးသက်သာစေရန် ငွေကြေးအကာအကွယ်ပေးရေး (Financial Protection) အစီအမံများဟူ၍ ကဏ္ဍကြီးနှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
စီမံကိန်းသက်တမ်း ကုန်ဆုံးချိန် ၂၀၂၁ ခုနှစ်တွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ပေးနိုင်ရန်ရည်ရွယ်သော ကျန်းမာရေးဝန်ဆောင်မှု အမျိုးပေါင်း ၁၅၀ ပါဝင်သည့် Basic Essential Health Package Services ကို ဖော်ထုတ်ပြဋ္ဌာန်းပြီး ဆက်လက်၍ စာရင်းပါ ကျန်းမာရေးဝန်ဆောင်မှုများ အမျိုးအစားခွဲ၍ Standard Operation Procedure and Standard Treatment Guidelines များ ပြုစုခြင်း၊ ကုန်ကျစရိတ်တွက်ချက်ခြင်းများကို ယခုထိ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အဆင့် ကျန်းမာရေးစီမံကိန်းများမှာ Inclusive Township Health Plans နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် (Inclusive State/Regional Health Plans) Basic EPHS များ နေရာဒေသမရွေး ပြေးဆွဲနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် စီမံကိန်း၏အဓိကဖြစ်သော မြို့နယ်များတွင် ဒေသအလိုက် လိုအပ်ချက်များကို စနစ်တကျ စီမံကိန်းပြုစုရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း/တောင်ပိုင်း)တို့ကို ပဏာမအနေဖြင့် ဆောင်ရွက်ခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက်ဆောင်ရွက်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ထောက်ပံ့ပတ်ဝန်းကျင်ကောင်းများ ဖန်တီးခြင်း ဆောင်ရွက်နိုင်ရန်အတွက် အခြေခံ ကျန်းမာရေးဝန်ထမ်းများကို ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရေးအတွက် တာဝန်ဝတ္တရားများကိုလည်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာ လက်စွဲစာအုပ်ကိုလည်း ပြုစုရေးသားလျက်ရှိပြီး မကြာမီ အပြီးသတ် ထုတ်ဝေတော့မည် ဖြစ်ပါကြောင်း၊ Community Base Health Workers များကိုလည်း ကျန်းမာရေးလုပ်သားများနှင့် ပတ်သက်သော အမျိုးသားမူဝါဒများချမှတ်ရေး အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ အားကောင်းခိုင်မာသည့် ကျန်းမာရေးစနစ် တည်ဆောက်ခြင်းအတွက် Electronic Basic များတွင် ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားကျန်းမာရေးစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများသည် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများကိုးဖွဲ့၊ လူထုအခြေပြုကျန်းမာရေး လုပ်သားမူဝါဒရေးဆွဲခြင်း (Strategic Directions for Financing Universal Health Coverage) အတွက် လေးဖွဲ့၊ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရန် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုကို တန်ဖိုးထားသင့်၍ ပေးချေဝယ်ယူနိုင် ကြောင်းလေ့လာခြင်း (Pilot for Strategic Purchasing)အတွက် တစ်ဖွဲ့၊ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့်ဆောင်ရွက်ခြင်း (Strategic Directions for Financing Universal Health Coverage) အတွက် လေးဖွဲ့၊ ဗဟိုအဆင့် ကျန်းမာရေးဖိုရမ်များအတွက် တစ်ဖွဲ့၊ လူထုအခြေပြု ကျန်းမာရေးလုပ်သားမူဝါဒ ရေးဆွဲရန်အတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ရှစ်ဖွဲ့နှင့် ဆောင်ရွက်ခြင်း၊ Health Facility Assessment အတွက် မြန်မာနိုင်ငံ ကျန်းမာရေး အသင်းနှင့် Community Partner Relationship များဖြင့်ဆောင်ရွက်ခြင်း၊ Basic Essential Package အတွက် World Bank နှင့်ဆောင်ရွက်ခြင်း၊ အမျိုးသားကျန်းမာရေး အသုံးစရိတ် အတွက် World Health Organization ဖြင့်ဆောင်ရွက်ခြင်း၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာလမ်းညွှန်ချက်အတွက် အဖွဲ့ ၁၃ ဖွဲ့ဖြင့်ရေးဆွဲခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုများကို တန်ဖိုးသင့်ပေးချေဝယ်ယူခြင်း၊ လေ့လာရေးဆိုင်ရာကို အဖွဲ့နှစ်ဖွဲ့ဖြင့် ရေးဆွဲခြင်း၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး ရရှိစေရန် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းအတွက်ကို ပုဂ္ဂလိကအဖွဲ့အစည်း ခြောက်ဖွဲ့ဖြင့် ရေးဆွဲခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုများကို တန်ဖိုးသင့် ပေးချေဝယ်ယူခြင်း လေ့လာရေးအတွက် အထွေထွေရောဂါကု ဆရာဝန်အသင်းနှင့် ဖွဲ့စည်း၍ရေးဆွဲခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN
Credit> ပြည်သူ့လွှတ်တော်