ငါးသိုင်းချောင်း ၂၃  ဩဂုတ် 

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိလူထုအခြေပြုဗဟိုဌာန၌ ဩဂုတ်လ ၂၂ ရက်နေ့က အခြေခံပညာ ကျောင်းသားကျောင်းသူများအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးဦးဇော်ဝင်းထွန်းက မုန်တိုင်းအန္တရာယ်နှင့် ကြိုတင်သတိပြုရှောင်ရှားရမည့် အချက်များ၊ နယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးညီရှင်းသန့်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး နည်းလမ်းများ၊မြို့ကြက်ခြေနီတပ်ဖွဲ့ တပ်ခွဲမှူး ဦးခင်မောင်သန်းက သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် မိသားစုအလိုက် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

mdn

 

ဟောပြောပွဲသို့ (အ-မ-က)ရေတံခွန်ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ မူလတန်းကျောင်းသား ကျောင်းသူများနှင့် (Youth Club) အဖွဲ့ဝင်များ စုစုပေါင်း အင်အား(၄၀) ခန့် တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)