ရန်ကုန် ၂၃  သြဂုတ် 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)၌ သြဂုတ် ၂၃ ရက် နံနက် ၈ နာရီက ပင်စင်လာရောက်ထုတ်ယူကြသူများအား အာဟာရဒါနမုန့်နှင့် လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

 

“ဒီနေ့ပင်စင် လာထုတ်တော့ ပင်စင်ထုတ်ပေးတဲ့ ဝန်ထမ်းတွေက မုန့်နဲ့ လက်ဖက်ရည်သုံးဆောင်ပါ ဆိုလို့ဝင်လာတာပါ။ ဒီရောက်တော့ အလုပ်အတူတူလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပြန်တွေ့ပြီး  စကားတွေအများကြီးပြောဖြစ်ကြတယ်။ ဒီလိုတစ်ခါမှ အေးအေးဆေးဆေး လက်ဖက်ရည်သောက်ပြီး မဆုံဖြစ်ကြဘူး။ အခုလိုစီစဉ်ပေးကြတဲ့ တာဝန်ရှိသူတွေနဲ့ အလှူရှင်တွေကို ကျေးဇူးအများကြီး တင်ပါတယ်” ဟု ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစားဝန်ထမ်းဟောင်း ဦးမြင့်စိုးက ပြောသည်။

 

mdn

 

ယနေ့ ပင်စင် လာရောက်ထုတ်သူများအား အာဟာရဒါနအဖြစ် အမှတ် (၁) ရေနံချက်ရုံ (သန်လျင်)၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့် (ဇနီး) ဒေါ်မြသီတာ တို့မှ မွေးနေ့အလှူအဖြစ် ကျွေးမွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)