နတ်တလင်း ၂၃ သြဂုတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အကြို စာစီစာကုံး ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ဗဟိုအခြေခံပညာ မူလတန်းလွန်ကျောင်း၌ သြဂုတ် ၂၂ ရက်နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲကို အငြိမ်းစားမြို့နယ်ပညာရေးမှူး ဦးသန်းရှိန်နှင့် လက်ထောက်ပညာရေးမှူး ဦးခင်လှိုင်တို့က ကြီးကြပ်၍ အခြေခံပညာ အထက်တန်းအဆင့်တွင် “ပြည်သူ့ဘဝငြိမ်းချမ်းဖို့ ဒီမိုကရေစီဖော်ဆောင်စို့” ခေါင်စဉ်ဖြင့် လည်းကောင်း၊အခြေခံပညာ အလယ်တန်းအဆင့်တွင် “ဒီမိုကရေစီအားကောင်းရေး တို့လူငယ်များဝန်းရံပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ဖြေဆိုယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ နတ်တလင်းမြို့နယ်အတွင်းရှိ အထက်တန်း အလယ်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


