နတ်မောက် ၂၃ သြဂုတ်

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတု ပြောင်လဲမှုဆိုင်ရာကြီးကြပ်မှု ကော်မတီမှကျင်းပ ပြုလုပ်သည့်ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချ ရေးနှင့်အစားထိုးအသုံးပြုရေး အသိပညာပေးဟောပြောပွဲကို သြဂုတ်၂၂ ရက်နေ့လယ် ၁ နာရီခွဲ အချိန်က ထွန်းတောက်ကြယ် ဘော်ဒါကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဖိတ်ကြားပြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမော်က ပလတ်စတစ်အန္တရာယ်အကြောင်းသိကောင်းစရာများကို ရှင်းလင်းခဲ့ပြီးမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိဦးသိန်းဌေးက ပလတ်စတစ်လျော့ကျသော ပတ်ဝန်းကျင်ဖြစ်စေဖို့အတွက်အချက် (၉)ချက် များကိုလည်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနဆရာမဒေါ်ခင်စန်းတင့်က ရာသီ တုပ်ကွေးရောဂါ အကြောင်းကျန်းမာရေး အသိပညာပေးပြောကြားခြင်းနှင့် မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်း ဉက္ကဌဒေါ်တင့်တင့်ဝေက သက်ငယ်မုဒိမ်းပပျောက်ရေးနှင့်က လေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟော  ပြောပွဲသို့မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/ကျောင်းသူများ အင်အား(၂၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း(နတ်မောက်)