မြောက်ဦး   ၂၃   သြဂုတ် 


၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးတင်ဝင်း က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး ဇာတ်လမ်း-သရုပ်ဖော်- သီဟ(စခန်းသစ်) ရေးသားသော "ပေါင်းစည်းခြင်း၏ရလဒ်" စာအုပ်ဖြင့် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများကို ပုံပြင်ပြောပြရာ  ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို အပြန်၊အလှန် မေးမြန်းခဲ့ကြောင်း သိရ သည်။


ထို့နောက် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးနှင့် မူလတန်းအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၉)ဦး စုစုပေါင်းပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူ (၁၉) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသောကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။


MDN