ဆိပ်ဖြူ   ၂၃   သြဂုတ်    


မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ပန်းချီ ဝါသနာရှင် ကျောင်းသား ကျောင်းသူလေးများ ကျောင်းအားလပ်ရက် သြဂုတ်လ ၂၃ ရက်နေ့တွင် ယောဝရပ်ကွက် သိမ်ဘုရား၌ လက်တွေ့ရေးဆွဲလေ့ကျင့်ခဲ့သည်။


ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဆရာ ဇော်ဇော်လင်း တို့၏စီစဉ်မှုဖြင့် ပန်းချီ ဝါသနာရှင် ကျောင်းသား ကျောင်းသူလေးများ ပန်းချီပညာ ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ အခြေခံသဘောတရားနှင့် သဘာဝပတ်ဝန်းကျင် အလှအပများကို လက်တွေ့ရေးဆွဲစေပြီး အရောင်သဘောတရားများ နားလည်ရေးဆွဲနိုင်ရန်၊ ကျောင်းသား ကျောင်းသူလေးများ ရရှိသော ပန်းချီပညာရပ်များကို ကျောင်းနှင့် ပညာရေးဌာနနှင့် ကျောင်းများမှ ကျင်းပသော ပန်းချီပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ဘက်စုံပညာထူးချွန် ထက်မြက်လာစေရန်ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။


အဆိုပါပန်းချီ အောက်ဒိုးရေးဆွဲခြင်းကို ပန်းချီဆရာ ဇော်ဇော်လင်းက ကြီးကြပ်၍ ကျောင်းသား /ကျောင်းသူလေးများ အား ပတ်ဝန်းကျင် အလှအပ ပန်းချီအယူအဆ၊ အရောင်သဘောတရားများနှင့် မြင်ကွင်းသဘောတရားများကို လက်တွေ့သင်ကြားပေးခဲ့သည်။ အဆိုပါ ကျောင်းသား/ကျောင်းသူလေးများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဆရာ ဇော်ဇော်လင်းတို့က ပူးပေါင်းဖွင့်လှစ် သင်ကြားပေးခဲ့သည့် နွေရာသီ ပန်းချီသင်တန်းတွင် တက်ရောက်ခဲ့သည့် သင်တန်းသား /သင်တန်းသူများဖြစ်ကြောင်းသိရှိရသည်။


ကိုဇွဲ(အညာမြေ)

 

1