နေပြည်တော် ၂၃ ဩဂုတ်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၅)ရက် မြောက်နေ့သို့ ရတနာပုံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒဂုံတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဆရာ/ဆရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့်လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း (၂၉၀) တက်ရောက်လေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၅၇,၉၄၀) ရှိပြီး လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။
သတင်းစဉ်


