ထားဝယ် ၂၃ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအား တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနပိုင်ထွန်စက်ကြီး(၁၀)စီးဖြင့် တောင်သူဆီထည့် အခမဲ့စနစ်ဖြင့် ထွန်ယက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ တောင်ပြိုမြေဖုံးသော လောင်းလုံး - ရှင်မော် ကားလမ်းမြေဖုံးခြင်းအားဌာနပိုင် ထွန်စက်ကြီး(၂)စီးဖြင့် မြေများရှင်းလင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း၊
သြဂုတ် ၂၂ ရက်နေ့မှစတင်၍ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့၌ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအား ဌာနပိုင်ထွန်စက်ကြီး(၁၀)စီးဖြင့် တောင်သူဆီထည့် အခမဲ့စနစ်ဖြင့် ထွန်ယက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင် ထံမှ သိရှိရသည်။
ထားဝယ်ခရိုင်ပြန်/ဆက်


