ညောင်ဦး   ၂၃   ဩဂုတ်    

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ် အပူပိုင်းဒေသကျေးလက်ရေရရှိရေး စီမံကိန်း(JICA)ရုံးမှ ကြီးမှူး၍ ဌာနတွင်းရှိ ကျေးလက်ရေရရှိရေး တွင်းတူးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက် မြင့်မားစေရန်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ဖွင့်လှစ်သည့် တွင်းတူး၊ တွင်းပြင်နှင့် စက်ယန္တရားပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းကို ဩဂုတ် ၂၃ ရက်၊ နံနက် ၉ နာရီခွဲက  ညောင်ဦးမြို့နယ် အပူပိုင်းဒေသ ကျေးလက်ရေရရှိရေးစီမံကိန်း(JICA)ရုံး၌ ကျင်းပသည်။ 

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးလက်ရေရရှိရေး တွင်းတူးဝန်ထမ်း သင်တန်းသား ၁၈ ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းတွင် ညောင်ဦးမြို့နယ် အပူပိုင်းဒေသကျေးလက်ရေရရှိရေး စီမံကိန်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းညွန့်က တွင်းတူးဖော်ခြင်းဆိုင်ရာ နည်းပညာများကို လည်းကောင်း၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး  ဦးစိုးနိုင်က တွင်းပြင်ခြင်းနှင့် စက်ပြင်ဆင် ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွန့်ကြည်က ရေအရည်အသွေး စစ်ဆေးခြင်းနှင့် ရေပေးဝေရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို လည်းကောင်း စာတွေ့လက်တွေ့ စနစ်တကျ ဆွေးနွေးပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းအား ဩဂုတ် ၂၃ ရက်နေ့မှ ၂၉ ရက်နေ့ အထိ တစ်ပတ်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn