ဝါရှင်တန် ၂၃ သြဂုတ်

အယ်လ်ခိုင်ဒါအဖွဲ့၏ အနာဂတ်ခေါင်းဆောင်အဖြစ် ရှုမြင်ခြင်းခံရသူ အိုစမာဘင်လာဒင်၏သား ဟမ်ဇာဘင်လာဒင် သေဆုံးသွားပြီဖြစ်သည်ဟု အမေရိကန်အစိုးရအဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

ဟမ်ဇာဘင်လာဒင်သေဆုံးသွားသည်မှာ မှန်ကန်ပါကြောင်း အမေရိကန်အစိုးရအဖွဲ့ တာဝန်ရှိသူများ၏ ပြောကြားချက်များကို ကိုးကားပြီး သည်နယူးယောက်တိုင်းမ်နှင့် အင်န်ဘီစီသတင်းဌာနများက သတင်းဖော်ပြသည်။

အမေရိကန်အစိုးရအဖွဲ့က အိုစမာဘင်လာဒင်အား အယ်လ်ခိုင်ဒါအကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည်။ အိုစမာဘင်လာဒင်သည် ၂၀ဝ၁ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်မှု၏ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူဖြစ်သည်ဟု ယုံကြည်ရသည်။

၂၀၁၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ အိုစမာဘင်လာဒင်အား အမေရိကန်အထူးတပ်ဖွဲ့များက အသေပစ်ခတ်ဖမ်းဆီး နိုင်ခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံအား ပစ်မှတ်ထားကာ ဟမ်ဇာဘင်လာဒင်က အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်အစိုးရက ဟမ်ဇာဘင်လာဒင်ကို ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်သမားများစာရင်းတွင် ထည့်သွင်းခဲ့သည်။ ဖေဖော်ဝါရီလတွင် ဟမ်ဇာဘင်လာဒင်နှင့်ပတ်သက်ပြီး သတင်းများပေးနိုင်မည်ဆိုပါက ဒေါ်လာ တစ်သန်းခန့် ဆုချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား- အင်န်အိတ်ချ်ကေ ဘာသာပြန်- အောင်ကျော်ကျော်