နေပြည်တော် ၂၄ ဩဂုတ်
ရေကြီး၊ ရေလျှံမှုဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဥတ္တရခရိုင် မီးသတ်ဦးစီမှူး ဦးစောလွင်အေး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ( ၃၅ )ဦး၊ သန္ဓေတပ်ဖွဲ့ဝင်( ၅၀ )ဦးတို့ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းဆည်တွင် ပြုလုပ်သည်။
ဇာတ်တိုက်လေ့ကျင့်မှုကို ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၌ မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်လည်းကောင်း၊ ဆည်၊ တာတမံများ ကျိုး/ပေါက်ခြင်းကြောင့်လည်းကောင်း၊ လေပြင်း မုန်တိုင်း တိုက်ခတ်ခြင်းကြောင့်လည်းကောင်း ၊ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားပါက ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုန့်ပြန်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်လေ့ကျင့်ခြင်းဖြစ်ပြီး ရေပြင်အသက်ကယ် ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေး စက်လှေများဖြင့် ရေဘေးဒုက္ခသည်များအား ရွေ့ပြောင်းကယ်ဆယ်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ် ရေနစ်သူပြည်သူတစ်ဦးအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ဖြင်း စသည့်တို့ဖြင့် ဇာတ်တိုက် လေ့ကျင့်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရာသို့ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း၊ ဒက္ခိဏခရိုင်မီးသတ်ဦးစီးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်မီးသတ်စခန်းတာဝန်ခံများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)


