ဆင်ပေါင်ဝဲ ၂၄ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်ရဲကင်းစခန်းမြောက်ဘက် (၃)မိုင်ခန့်အကွာ ထောက်မကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာအနီး အောင်လံ-ဆတ်သွား မီးရထားမိုင်တိုင်အမှတ် (၂၁၆/၂၃) နှင့် (၂၁၆/၂၄) အကြားတွင် မိုးရွာသွန်း၍ ရထားသံလမ်း အောက်ရေတိုက်စား၍ အလျား(၂၀)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၅)ပေခန့် တိုက်စားသွားသည့်နေရာအား မီးရထားလက်ထောက်အင်ဂျင်နီယာ ဦးသိန်းထွန်း၊ ကြီးကြပ်ရေးမှူး (၃)ဦး၊ လုပ်သား(၂၅)ဦးတို့ဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင်ပြုပြင်ပြီး၍ ရန်ကုန်-ပုဂံ(၆၁)အဆန် လူစီးရထားသည် ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ အချိန်တွင် အဆိုပါနေရာမှ ဖြတ်သန်းသွားလာလျှက်ရှိကြောင်း သိရသည်။
နေခြည်(ဆင်ပေါင်ဝဲ)


