ကျိုက်မရော ၂၄ သြဂုတ် 

မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအား လူသားချင်းစာနာထောက်ထားစွာဖြင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သီရိပျံချီ ဦးသိန်းဆွေနှင့် ဇနီးဒေါ်မြသိင်္ဂီမိသားစုနှင့် ဝန်ထမ်းမိသားစုများမှ လှူဒါန်းသည့် ဂွမ်းစောင်အထည်မျိုးစုံ (၆၂)ထည်ကို ယနေ့ နေ့လယ်ပိုင်းက ရေဘေးကယ်ဆယ်ရေးအဖွဲ့ ကွပ်ကဲမှုရုံးသို့ လာရောက်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကိုယ်စား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ကျိုက်မရောမြို့နယ် ဦးစီးမှူးမှ ဂွမ်းစောင်အထည် (၆၂)ထည်အား ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ရာ မြိူ့နယ်သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)