ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ဘေဘီလေးကို စမတ်ကျကျနဲ့ ရှီုးထုတ်စေချင်လို့ သေးခံဝယ်ပေးတဲ့အခါ အသက်အရွယ်နဲ့ လိုက်ဖက်ညီမှုရှိဖို့လိုသလို ကိုယ်အလေးချိန်နဲ့ အဆင်ပြေနေစေဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့ အချက်တွေထဲကတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးအတွက် သေးခံအရွယ်အစား မှန်မှန်ကန်ကန်ရွေးချယ်တတ်စေဖို့ လမ်းညွှန်ပေးပါရစေနော်။
ဘေဘီလေးနဲ့လက်ရှိ Diaper ကအဆင်ပြေရဲ့လား………
ဘေဘီလေးကို ပုံမှန်ဝတ်ပေးနေကျအတိုင်း သေးခံ (Diaper) လဲပေးနေပေမယ့် ဒီလိုအခြေအနေမျိုးတ ွတွေ့ရပြီဆိုရင်တော့ လက်ရှိသုံးနေတဲ့ Diaper (သေးခံ)က ဘေဘီလေးနဲ့ အဆင်မပြေဘူးဆိုတာကို ပြနေတာပါပဲ။
- သေးခံကစိမ့်ထွက်မယ်
- တင်ပါးအရေပြားမှာ ပွန်းရာတွေဖြစ်မယ်
- ကလေးကို ကြည့်ရတာ သက်တောင့်သက်သာမဖြစ်ဘူး
- မေမေ့မျက်လုံးထဲမှာလည်း ကလေးနဲ့ အရွယ်အစားသေးနေတယ်လို့ခံစားရမယ်
- အရမ်းတင်းကျပ်နေမယ်
- ပေါင်မှာ ပွန်းရာလေးတွေဖြစ်မယ်ဆိုရင်တော့ ဘေဘီလေးအတွက် သေးခံ (Diaper) ကသေးလွန်းနေတာပါ။
သေးခံ (Diaper) ကဘယ်အရွယ်ဖြစ်ဖြစ် size တစ်မျိုးတည်းကို သုံးရတာလား…
သေးခံ (Diaper) ကအသက်အရွယ်အရ Size ကွာခြားနိုင်သလို ဘေဘီလေးရဲ့ ကိုယ်အလေးချိန်အရလည်း Size ကွာခြားနိုင်ပါတယ်။ ဒီအခြေအနေတွေနဲ့ ကိုက်ညီအောင် သေးခံကိုရွေးချယ်ပေးနိုင်မှာ ဘေဘီလေးကို သက်တောင့်သက်သာရှိစေမှာဖြစ်သလို အရေပြားထိခိုက်မှုလည်း နည်းစေမှာပါ။
ဘေဘီလေးအတွက် Diaper Size မှန်မှန်ကန်ကန်ရွေးချယ်ကြမယ်
ကဲ..ဘေဘီလေးကို သက်တောင့်သက်သာရှိရှိနဲ့ စမတ်ကျတဲ့ ဘေဘီလေးဖြစ်စေဖို့အတွက် Diaper Size ကိုမှန်မှန်ကန်ကန် ရွေးချယ်ကြမယ်ဆိုရင် ဒီအချက်တွေကအဆင်ပြေစေမှာပါ။
မွေးကင်းစကလေးငယ်၊ ပေါင်ချိန် ၁၀ ပေါင်အထိဆိုရင် မွေးကင်းစဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Diaper ကအဆင်အပြေဆုံးပါ။
- ဘေဘီလေးရဲ့ ပေါင်ချိန်က ၁၀ ပေါင်ကျော်ကနေ ၁၄ ပေါင်အတွင်းဆိုရင် ဘေဘီ Diaper Size 1 ကိုရွေးချယ်ပေးရပါမယ်။
- ဘေဘီလေးရဲ့ ပေါင်ချိန်က ၁၂ ပေါင်ကနေ ၁၈ ပေါင်အတွင်းဆိုရင် ဘေဘီ Diaper Size 2 ကိုရွေးချယ်ပေးရပါမယ်။
- ဘေဘီလေးရဲ့ ပေါင်ချိန်က ၁၆ ပေါင်ကနေ ၂၈ ပေါင်အတွင်းဆိုရင် ဘေဘီ Diaper Size 3 ကိုရွေးချယ်ပေးရပါမယ်။
- ဘေဘီလေးရဲ့ ပေါင်ချိန်က ၂၂ ပေါင်ကျော်ကနေ ၃၇ ပေါင်အတွင်းဆိုရင် ဘေဘီ Diaper Size 4 ကိုရွေးချယ်ပေးရပါမယ်။
- ဘေဘီလေးရဲ့ ပေါင်ချိန်က ၂၇ ပေါင်အထက်ဆိုရင် ဘေဘီ Diaper Size 5 ကိုရွေးချယ်ပေးရပါမယ်။
- ဘေဘီလေးရဲ့ ပေါင်ချိန်က ၃၅ ပေါင်အထက်ဆိုရင် ဘေဘီ Diaper Size 6 ကိုရွေးချယ်ပေးရပါမယ်။
- ဘေဘီလေးရဲ့ အလေးချိန်တိုးလာမှုအလိုက် Diaper Size တွေကပြောင်းလဲသွားနိုင်ပါတယ်။ သေးခံလောင်တာအပြင် အခြားအရေပြားပြဿနာတွေကနေ ကင်းဝေးစေဖို့ရော၊ ဘေဘီလေးကို သက်တောင့်သက်သာရှိနေစေဖို့ပါ ဘေဘီလေးကို ကိုယ်အလေးချိန်အလိုက် သင့်တော်တဲ့ Baby Diaper Size ကိုသေချာလေး ရွေးချယ်ဖို့လိုပါမယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”