ထီးလင်း ၂၅ သြဂုတ်

“ဘုရားမတင် နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး” ဆိုသည့် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးတွင် ယခုအခါ ပန်းပဲလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာပြီဖြစ်သော်လည်း ဂန့်ဂေါခရိုင် ထီးလင်းမြို့ အောင်သုခရပ်ကွက်တွင် အဆိုပါလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

222

 

ပန်းပဲလုပ်ငန်း လုပ်ကိုင်သူ ထီးလင်းမြို့ အောင်သုခရပ်ကွက်နေ ဦးဆန်းဦး (ခ) ကိုကျောက်လုံးက “ဒီလုပ်ငန်းကို အဖေဆုံးပြီးကတည်းက လုပ်ကိုင်လာတာ (၆)နှစ်လောက်ရှိပါပြီ။ မိဘရဲ့ လက်ငုတ်ဆိုရမှာပေါ့။ အဓိက လုပ်တာကတော့ တောင်သူ လယ်ယာသုံးဖြစ်တဲ့ ဓား၊ ဓားမ၊ ဓားချွန်၊ ဓားကောက် စတာတွေ လုပ်တာပါ။ စီးပွားဖြစ်ရယ်လို့တော့ မဟုတ်ပါဘူး။ တစ်ပိုင်တစ်နိုင်ပေါ့။ ကိုယ်နဲ့ရင်းနှီးတဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေက သူတို့လိုချင်တဲ့ ဓား (ပုံစံ)တွေ လာအပ်ကြရင် ပြုလုပ်ပေးပါတယ်”ဟု ပြောပြသည်။

အောင်စည်(ပြန်/ဆက်)