ခင်ဦး ၂၅ သြဂုတ် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ခံ ဒေါက်တာမျိုးမင်းစိုးနှင့် ဓာတ်ခွဲကျွမ်းကျင်၊ ဓာတ်မှန်ကျွမ်းကျင် ဆရာ၊ ဆရာမများ၊ မြို့နယ်ဆရာဝန် ဒေါက်တာစန်းယုကို၊ တိုက်နယ်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော နယ်လှည့်တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသရေးအဖွဲ့ (TB Mobile Team)သည် သြဂုတ် ၁၉ ရက်မှ ၂၃ ရက်ထိ နယ်လှည့်ကွင်းဆင်း၍ တီဘီရောဂါရှာဖွေကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာပေါင်း (၁၄၆) ရွာရှိ ပြည်သူ (၁၅၈၂၆၃) ဦးကို ကြည့်ရှုစစ်ဆေးပေးခဲ့ပြီး တီဘီသံသယရှိသူများ (၇၇၃)ဦးကို ဓာတ်မှန်ရိုက်ခြင်း၊ လူ (၂၀ဝ) ဦးကို သလိပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တီဘီရောဂါတွေ့ရှိသူ လူကြီးလူနာ (၂၇) ဦး၊ ကလေးလူနာ (၁၆) ဦး စုစုပေါင်း (၄၃) ဦးကို ကုသပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။

စိုးဝေအောင်(ခင်ဦး)