မယ်စဲ့ ၂၅ သြဂုတ် 


ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့ညနေ ၄ နာရီခန့်က မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းကြောင့် မယ်စဲ့-ဟိုစဲ့ ကားလမ်းပေါ်ရှိ ဟွေနလူးချောင်း ရေကျော်တံတား ပေ ၆၀ သံကူကွန်ကရစ်တံတား ဆောက်လုပ်သည့်နေရာတွင် ကားလမ်းရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး သွားလာမှု ယာယီပြတ်တောက်ခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများပူးပေါင်း၍ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် အန္တရာယ်ရှိသောနေရာများအား ကာရံခြင်း၊ အန္တရာယ်အချက်ပြ အမှတ်အသားများ ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ခရီးသွားလာမှုများ ပုံမှန်သွားလာနိုင်ကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)