ကော့သောင်း  ၂၅  သြဂုတ်


ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် သြဂုတ် ၂၄ ရက်က နိုင်ငံသား စိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းကြည်နှင့် တာဝန်ရှိသူများက ကော့သောင်းမြို့နယ်အတွင်းရှိ မြို့နှင့် အလှမ်းကွာဝေးသည့် ကျေးရွာများရှိ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျော်စိုး(ကော့သောင်း)