ရန်ကုန် ၂၅ သြဂုတ်


ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ရွေးချယ်တင်မြှောက်ရေး စည်းမျဉ်းနှင့် လုပ်ငန်းစဉ်များရှင်းလင်းပွဲကို သြဂုတ် ၂၄ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ဘုရားကုန်းကျေးရွာ၊ ကြာကန်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှကြင်က အဖွင့်စကားပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကြက်ခြေနီကြီးကြက်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ကျော်မိုးကြည် (ငြိမ်း) က ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ရွေးချယ်တင်မြှောက်ရေး စည်းမျဉ်းများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များမှ မြို့နယ်တပ်ဖွဲ့မှူးများနှင့် ခရိုင်နှင့် မြို့နယ်ရွေးချယ်ရေး ကော်မရှင်အဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းကြရာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှကြင်နှင့် ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးအောင်မင်းကိုတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။


သက်ခိုင် (သန်လျင်)