ကန့်ဘလူ ၂၅ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကင်းတပ်လက်ဝဲ တူးမြောင်းမကြီးပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကတ-၉၂ အသေးစား လျှပ်စစ်ရေတင်လုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ဘိုတဲကုန်းကျေးရွာအနီးရှိ တည်ဆောက်လျက်ရှိသည့် အဆိုပါ အသေးစား လျှပ်စစ်ရေတင်လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀ဝ ဖြင့် ဧပြီ ၁၈ ရက်မှစတင်က အကောင်အထည်ဖော် တည်ဆောက်ခဲ့နေခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး (ရေအရင်းအမြစ်)မှ သိရသည်။
အဆိုပါ လျှပ်စစ်ရေတင်လုပ်ငန်းတွင် ရေသောက်စနစ်ဆိုင်ရာများ အနေဖြင့် ရေမြောင်းမှာ မြေသားအမျိုးအစားဖြစ်ပြီး ပင်မမြောင်း၊ လက်တံမြောင်း၊ လက်တံခွဲမြောင်း ၁၃၂၃၆ ကျင်း၊ ရေငြိမ်ကန် တစ်ခု၊ ရေစုကန် တစ်ခု၊ ရေတင်စက်ရုံ တစ်ခု၊ တူးမြောင်း အဆောက်အဦး ၂၃ ခု၊ တူးမြောင်းလိုင်နင် ပေ ၈၀ဝ၊ အသုံးပြု ရေစုပ်စက် 7.7 Cusec Pump ၃ လုံး၊ အသုံးပြုပိုက် ၁၂ လက်မ M.S Pipe Line(227 ft) သုံးလိုင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက် 160 MVA၊ လျှပ်စစ်ဓာတ်အားလိုင်း 11KV Line ၊ ဓာတ်အားခွဲရုံ 11/0.4JV, 160 KVA ခွဲရုံ တစ်ရုံ၊ အသုံးပြုမော်တာ 30 KV Motor သုံးလုံးပါဝင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


