ကျိုက်မရော ၂၅ သြဂုတ်

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော ကျန်းမာရေးဌာနများအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာ စက်လှေ ၁၀ စင်းအား ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျိုက်မရောမြို့ပြည်သူ့ ဆေးရုံခန်းမ၌ ပြုလုပ်သည်။

 

mdn

 

အဆိုပါ ဖိုက်ဘာလှေဆယ်စင်းကို ပြည်ခရိုင် ကုတင် ၅၀ဝ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်နှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများမှ စုပေါင်းပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ရေကြီးနစ်မြှပ်နိုင်သော ကျေးရွာများတွင် အရေးပေါ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ကြောင်း အလှူရှင်ဆရာဝန်ကြီး တစ်ဦးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)