ရေကြည်  ၂၆ သြဂုတ် 

 

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးကောင်ရေနှစ်သိန်းအား အသုတ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉) နာရီအချိ်န်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမြင့်ရွှေ ပုသိမ်ခရိုင်ဦးစီးမှူး ဦးစိုးသိန်း ရေကြည်မြို့နယ်ရှိ အမှတ်( ၁ )မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း ငါးလုပ်ငန်းဦးစီးမှူး မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ငါးခုံးမကောင်ရေ (၁) သိန်းနှင့် ငါးမြစ်ချင်းကောင်ရေ (၁) သိန်း စုစုပေါင်းငါးမျိုးကောင်ရေ (၂) သိန်းအား အသုတ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်မြင့်မြတ် ( ပြန်/ဆက်)