တန့်ယန်း  ၂၆  သြဂုတ်  

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့က မြို့နယ်စည်ပင်သာယာဈေး အပါအဝင် စတိုးဆိုင်ကြီးများတွင် ရောင်းချနေလျှက်ရှိကြသော အိမ်သုံးဆားများတွင် အိုင်အိုဒင်းပါဝင်မှု စံနှုန်းများကို ကြည့်ရှုစစ်ဆေး၍ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အရည်အသွေးပြည့်မှီသော အိုင်အိုဒင်းဆားရောင်းချရေး စစ်ဆေး အသိပညာပေးမှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့မှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင်သာယာဈေးနှင့် စတိုးဆိုင်ကြီးများတွင် ရောင်းချနေလျှက် ရှိကြသော အိမ်သုံးဆားအမျိုးမျိုးတွင် အရည်အသွေးပြည့်မှီသော အိုင်အိုဒင်းပါဝင်မှု စံနှုန်းများကို ကြည့်ရှုစစ်ဆေး၍ ရောင်းချနေမှု၊ ထားသိုသိမ်းစည်းမှုများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)