လှည်းကူး ၂၆ ဩဂုတ်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်း သင်တန်းကို ဩဂုတ် ၂၅ ရက် နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (လှည်းကူး)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်ဦး လှအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က သင်တန်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် သင်တန်းသားများ စုစုပေါင်း(၂၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


