ကျောက်မဲ     ၂၆   သြဂုတ် 


စားသုံးသူ အကာအကွယ်ပေးရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဩဂုတ် ၂၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများနှင့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့များက စည်ပင်သာယာ ဗဟိုဈေးများနှင့် ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ ရောင်းချနေသော ဈေးဆိုင်များတွင် အချိုရည်ဗူးများ ဆင်တူယိုးမှား တုပရောင်းချမှု ရှိ မရှိနှင့် အများပြည်သူ စားသုံးရန်မသင့်သော ရက်လွန်အစားအသောက်များ ရောင်းချမှုမရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


(ခရိုင် ပြန်/ဆက်)