မြောင်းမြ ၂၆ သြဂုတ်
လက်သမား၊ ပန်းရံနှင့် ဂဟေဆော် အတတ်ပညာ သင်တန်းဆင်းပွဲကို သြဂုတ် ၂၅ ရက် ညနေ ၄ နာရီက မြောင်းမြမြို့နယ် မုဆိုးကွင်းကျေးရွာအုပ်စု၊ မြို့ဦးဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက တတ်မြောက်ထားသော အတတ်ပညာများဖြင့် မိမိအရပ်ဒေသတွင် ရိုးသားကြိုးစားစွာဖြင့် အသက်မွေးမှုပညာကို အသုံးချစေလိုကြောင်း ပြောကြားပြီး သင်တန်းတွင် ထူးချွန်သူများ အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
သင်တန်းကို သြဂုတ် ၅ ရက်မှ ၂၅ ရက်အထိ သင်ကြားပို့ချခဲ့ပြီး အခြေခံ လုပ်ငန်းဖြစ်သည့် အုတ်စီခြင်း၊ မဆလာဖျော်ခြင်း၊ ကွန်ကရစ် ဖျော်စပ်ခြင်းနှင့် ရွေဘော်ထိုး၊ လွှတိုက်ခြင်း၊ သစ်သားအိမ်တစ်လုံး ဆောက်လုပ်ခြင်း၊ သစ်အချောကိုင် ပညာနှင့် သံချည်သံကွေး၊ ဂဟေဆော်အတတ် စသည်တို့ကို စာတွေ့လက်တွေ့ သင်ကြားပြသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ကျေးလက်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အခြေခံစီးပွားရေး ခိုင်မာလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)


