ကျိုက်မရော ၂၆ သြဂုတ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ငါးပြေမကျေးရွာနှင့် ဦးလေးကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့အား မော်လမြိုင်ကျွန်းတွဲလက်များ ပရဟိတ လူငယ်များအဖွဲ့က ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ငါးပြေမကျေးရွာနှင့် ဦးလေးကျေးရွာတို့၌ ကျင်းပသည်။
ယင်းရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းမျိုးစုံပေးအပ်ပွဲတွင် ငါးပြေမနှင့် ဦးလေးကျေးရွာတို့ မှ အိမ်ထောင်စု ၁၉၀ဝ ခန့်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်၊ ဆီ၊ နို့ဆီ၊ ရေသန့်ဘူးနှင့် စားသုံးကုန်ပစ္စည်းမျိုးစုံ ငွေကျပ် ၃၁ သိန်းဖိုးကို ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် မော်လမြိုင်ကျွန်းတွဲလက်များ ပရဟိတလူငယ်များအဖွဲ့က ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် မော်လမြိုင်ကျွန်းတွဲလက်များ ပရဟိတလူငယ်များအဖွဲ့သည် ငါးပြေမကျေးရွာ အထက(ခွဲ)အား အလှူငွေကျပ် လေးသိန်း၊ ဦးလေးကျေးရွာ အလက ကျပ်တစ်သိန်း စုစုပေါင်း ငွေကျပ် ၉ သိန်း တို့အား တွဲလက်များ ပရဟိတ လူငယ်များအဖွဲ့ခေါင်းဆောင် ဦးအောင်ကိုဝင်းနှင့် လူငယ်များက ထောက်ပံ့လှူဒါန်းကြသည်။
အဆိုပါ မော်လမြိုင်ကျွန်းမြို့တွဲလက်များ ပရဟိတများအဖွဲ့သည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ လေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းနိုင်ရန်အတွက် မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူများထံ သြဂုတ် ၁၉ ရက်နှင့် ၂၀ ရက်များက အလှူခံရရှိခဲ့သော အလှူငွေနှင့် ထောက်ပံ့ပစ္စည်း ငွေကျပ်သိန်း ၄၀ ကို သွားရောက် ပေးပို့လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
မော်ကျွန်း-မြင့်အောင်


