မူဆယ် ၂၆ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ဖတ်ကာမြို့နယ် အတွင်း ပိတ်ဆို့နေသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်ကားများနှင့် အိမ်စီးကားများကို ယနေ့ ညနေ ၄ နာရီအချိန်ခန့်က တာဝန်ရှိသူများမှ စတင်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်ဖတ်ကာကျေးရွာအနီးမှ လွှတ်ပေးလိုက်သည့် ကုန်တင်ကား၊ ခရီးသည်များနှင့် အခြားမော်တော်ယာဉ်များကို (၁၀၅) မိုင် အိုရီယမ်တယ် ဟိုက်ဝေးအနီးတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများနှင့် အိုရီယမ်တယ်ဟိုက်ဝေးမှ တာဝန်ရှိသူများက စောင့်ကြိုပေးခဲ့ကြောင်းနှင့် မူဆယ်မှအထွက်ကားများကို ညနေ ၄ နာရီ ၃၅ မိနစ်မှ စတင်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)


