နေပြည်တော် ၂၆  သြဂုတ် 


မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် (၅၀,ဝ၀ဝ,ဝ၀ဝ)(ကျပ်သိန်းငါးရာတိတိ)၊ SNK (ASIA PACIFIC)PTE;LTD. MAYANMAR BRANCH) ကလှူဒါန်းငွေကျပ် (၇,၆၀ဝ,ဝ၀ဝ) (ကျပ်ခုနှစ်ဆယ့်ခြောက်သိန်း တိတိ)နှင့် မြန်မာနွယ်ဖွားတရုတ်လူမှုကူညီရေးပရဟိတအသင်းက လှူဒါန်းငွေကျပ် (၄,ဝ၀ဝ,ဝ၀ဝ) (ကျပ်သိန်းလေးဆယ်တိတိ) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင်လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ 


အလားတူ ယနေ့ညနေပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးမှူးရုံးသို့လည်း အလှူငွေများနှင့်ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိရာ Shwe Thazin Family and Myanmar Kindness Foundation က ငွေကျပ်(၂၁)သိန်း တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ Myanmar Finance Center (MFC)  က ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ အဝတ်အထည်မျိုးစုံ၊ The Five တေးသံရှင်ညီမများ က ငွေကျပ် (၆)သိန်း တန်ဖိုးရှိ စောင်အထည်(၁၀ဝ)နှင့် ငွေကျပ်(၃)သိန်း၊ ကွယ်လွန်သူ ဒေါက်တာကောင်းမြတ် (အရိုးအထူးကုဆရာဝန်ကြီး)အားရည်စူး၍ ဒေါက်တာတင်မိမိ (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးနှင့်မိသားစု)က ငွေကျပ်(၅)သိန်း၊ Strategy First University မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ဝန်ထမ်းများက ငွေကျပ် သိန်း(၅၀)၊ Asia Hlaing Kyaw Family က ငွေကျပ် သိန်း(၂၀)၊ ဦးစံသာဟန်+ဒေါ်အေးအေးမြင့် မိသားစု က ငွေကျပ် (၁)သိန်း၊ ဦးကျော်လင်းဇော်+ဒေါ်အေးမြတ်စံ မိသားစုက ငွေကျပ်(၇)သောင်း၊ ဦးစိုးမိုးကျော် မိသားစုက ငွေကျပ် (၁)သောင်း တို့အား အသီးသီးလာရောက်ပေးအပ်လှူဒါန်းကြရာ ဒုတိယသမ္မတ(၂) ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့်  ရန်ကုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်