ဒီပဲယင်း ၂၇ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် လက်တီးကျေးရွာနောက်ဘက် လက်တံ(၁၂)သို့ သွားသည့် ကျေးလက် ကုန်ထုတ်လမ်း(ဂျင်းလမ်း) ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်းကြားရေးမှူး ဦးဝင်းကျော်မျိုး၊ ခရိုင်ဦးစီးမှူး ဦးမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်လှယဉ်မြင့်နှင့် ဝန်ထမ်းတို့က သြဂုတ် ၂၆ ရက် ညနေ ၅ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါအဖွဲ့သည် ကျေးလက်ကုန်ထုတ်လမ်းပြုပြင်ထိန်းသိမ်းရေးကော်တီများ၊ ကျေးရွာ ရပ်မိရပ်ဖများ၊ တောင်သူများနှင့် တွေ့ဆုံပြီး ကုန်ထုတ်လမ်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက် ဆောင်ရွက်သွားကြရန် ရင်းရင်းနှီးနှီး ဆွေးနွေး ပြောကြားခဲ့သည်။
ကျေးလက်ကုန်ထုတ်လမ်း (ဂျင်းလမ်း)ကို ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၈၀ ဒသမ ၄) သန်းဖြင့် ကျေးလက် ကုန်ထုတ်လမ်း တစ်မိုင် သုံးဖာလုံ၊ အကျယ် (၁၂) ပေ၊ ထု (၂) ပေနှင့် အဆိုပါလမ်းပေါ်ရှိ ရေကျော် အကျယ် (၅၀) ပေ၊ အနံ (၁၂) ပေကို တောက်ပသော ဓူဝံကြယ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ထားကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


