ဂန့်ဂေါ ၂၇ သြဂုတ်
ဂန့်ဂေါမြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံး ဆောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် တောင်သူများသို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကို သြဂုတ် ၂၆ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက အမှာစကား ပြောကြားပြီး ဂန့်ဂေါခရိုင် စက်မှု လယ်ယာဦးစီးဌာနမှူး ဦးမြင့်စိုးက မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ရုံးဆောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ် သုည ဒသမ ၇၂ ဧက၊ ယာ ၁ ဒသမ ၅၈ ဧက တို့အတွက် ငွေကျပ် ၃၈၁၀ဝ၀ဝ ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများက တောင်သူ ၆ ဦးတို့ထံ လက်ဝယ်အရောက် ပေးအပ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


