ထန်တလန်    ၂၇  သြဂုတ်   


ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ကျန်းမာရေးဌာန ဝန်ထမ်းများသည် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်ဆေးခန်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ယင်းပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို မွေးကင်းစမှ ၅ နှစ်အရွယ်ထိ ကလေးငယ်များအား (၂)ကြိမ် တိုက်ကျွေးသွားမည်ဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်ကို အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်နေ့များတွင် ထပ်မံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းများကို ယမန်နေ့က အမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ပြီး ၂၈ ရက်နေ့တွင် အမှတ်(၃) ရပ်ကွက်၌  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။    

         
မြို့နယ် (ပြန်/ဆက်)