ကန်ပက်လက် ၂၇ ဩဂုတ်
မွေးစမှ ၅ နှစ်အထိကလေးများအား မြို့နယ်အဆင့် ဒေသအလိုက် ပိုလီယိုကာ ကွယ်ဆေး အစုလိုက်တိုက်ကျွေးခြင်းကို ကန်ပက်လက်မြို့ ထေရဝါဒဗုဒ္ဒဘာသာ ဗဟိုကျောင်း၌ ဩဂတ် ၂၆ ရက် နံနက် ၉ နာရီတွင် စတင်ပြုလုပ်သည်။
ဆက်လက်၍ ယနေ့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၌ လည်းကောင်း၊ သြဂုတ် ၂၈ ရက်တွင် ကန်ပက်လက်မြို့ အမက (၃)တွင်လည်းကောင်း ကာကွယ်ဆေးများ တိုက်ကျွေးသွားမည်ဖြစ်ပြီး ဆေးတိုက်ကျွေးရာ၌ ကျန်းမာရေးဌာနမှ ဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့်လူမှုရေးအသင်း အဖွဲ့ဝင်များက လိုက်ပါကူညီဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)


