လဟယ် ၂၇ သြဂုတ်
လဟယ်မြို့တွင် ကျန်းမာရေးဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် လဟယ် မူလတန်းကြိုကျောင်း ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်းနှင့် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ အရပ်တိုင်းခြင်း၊ လက်မောင်းလုံးပတ်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက လဟယ်မူလတန်း ကြိုကျောင်း၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လဟယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေမှ မူကြိုကျောင်းကလေး မိခင်များအား ကလေးငယ်များအာဟာရနှင့် ပတ်သက်၍ ပညာပေးဟောပြောပြီး ကလေးအားဆေး (BAB)ဆေးဘူးများ၊ သွားတိုက်ဆေးဘူးများနှင့် သွားတိုက်တံများအား မူကြိုကျောင်းအုပ်ဆရာမ ဒေါ်လှိုင်သင်းအိထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မူကြိုကလေးငယ်များအား သွားတိုက်နည်းသရုပ်ပြ ရှင်းလင်းပြီး ကျန်းမာရေး စစ်ဆေးချက်အရ ပေါင်အနည်းဆုံး ကလေးငယ် (၂)ဦးအား (WFP)မှ တစ်ဦးလျှင် ထောက်ပံ့သည့် ငွေကျပ်(၁၀ဝ၀ဝ)ဆီအား WFP အဖွဲ့မှ မြို့နယ်တာဝန်ခံ မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မိခင်နှင့်ကလေးရုံး၊ အခြေခံကျောင်းတွေကို အခြပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှားဆက်(လဟယ်ပြန်/ဆက်)


