အောင်လံ ၂၇  ဩဂုတ် 

 

မကွေးတိုင်းဒေသကြီး  အောင်လံမြို့နယ်    မိုးကောင်းကျေးရွာ၌ စက်မှုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့်  စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း  အမှတ်စဉ်(၁၀၈)၊  အခြေခံ အိမ်သုံး လျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီခွဲက  ကျေးရွာ ဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

 

4

 

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်သင်တန်းသားများတက်ရောက်ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက  သင်တန်းဖွင့်အမှာစကားပြောကြားပြီး      အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ကြီး ဦးသန့်ဇင်က  သင်တန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များက သင်တန်းအတွက်ပြင်ဆင်ထားရှိမှုများကိုလေ့လာကြည့်ရှုကြသည်။

 

8

 

သင်တန်းကို ဩဂုတ်လ(၂၆)ရက်မှ  စက်တင်ဘာ(၇)ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း နှင့် သင်တန်းသို့ မိုးကောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား(၃၅)ဦး တက်ရောက်လျှက်ရှိကြောင်းသိရသည်။

 

သိန်းလွင်(အောင်လံ)