ကော့ကရိတ် ၂၇ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပညာရေးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ခရိုင်ပြန်ဆက်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ကော့ကရိတ်မြို့ပေါ်/ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသူ ကျောင်းသား(၁၆)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို လာမည့်စက်တင်ဘာ ၁၃ ရက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်၊ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြော ပြိုင်ပွဲများကို သတ်မှတ်ထားသည့် ရက်အလိုက်ပြိုင်ပွဲများကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


