နေပြည်တော် ၂၇ သြဂုတ် 

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မိတ္တီလာမြို့ ဦးဆောင်စေတနာရှင်များအဖွဲ့နှင့် ရဟန်းရှင်လူ မြို့သူမြို့သားများက လှူဒါန်းငွေကျပ် ၄၂,၆၈၆,၇၅၀ နှင့် တမီလ်ပါရ်ကဝဲကုလလူမှုဖွံ့ဖြိုးရေးအဖွဲ့က လှူဒါန်းငွေကျပ် ၅,ဝ၀ဝ,ဝ၀ဝ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

MDN