ဘားအံ   ၂၇   ဩဂုတ်

ကလေးများတွင် ဖြစ်တတ်သော  ကျောက်ကပ်ရောင်ရောဂါအား  တိုင်းရင်းဆေးဖြင့် ကုသခြင်းဆိုင်ရာ သိကောင်းစရာများ ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့ ခုတင်(၅ဝ)ဆံ့ တိုင်းရင်းဆေးရုံတွင် ပြုလုပ်ခဲ့သည်။

 

9782


 
အခမ်းအနားတွင် ကရင်ပြည်နယ် တိုင်းရင်ဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးလှမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ချောစုလှိုင်က ကလေးများတွင် ဖြစ်တတ်သော ကျောက်ကပ်ရောင်ရောဂါ၏ လက္ခဏာများ၊ တိုင်းရင်းဆေးပညာ ကုထုံးများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ကာကွယ်ခြင်း အချက်များနှင့် ပတ်သက်၍ အသိပညာပေးစာတမ်းအား ဖတ်ကြားခဲ့သည်။ 

 

9780

 

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ တိုင်းရင်းဆေးမှူးများနှင့် တိုင်းရင်းဆေး ဝန်ထမ်းများ၊  တိုင်းရင်းဆေး ဆရာအသင်းမှ တိုင်းရင်းဆေး ဆရာကြီးများ၊ ဘားအံမြို့ တိုင်းရင်းဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ဒေသခံ တိုင်းရင်းဆေးပညာ ဝါသနာရှင်များက ကလေးများတွင် ဖြစ်တတ်သော ကျောက်ကပ်ရောင်ရောဂါနှင့် ပတ်သက်၍ အကြံပြုခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)