မိုင်းရယ်   ၂၇   ဩဂုတ်  

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိုင်းရယ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

3

 

အဆိုပါ သရုပ်ပြပွဲတွင် မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေဖြိုးလွင်က ရာသီဉတု ဖောက်ပြန်ခြင်းကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်ပါက ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ယခုလို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

2

 

ထို့နောက် မီးသတ်ဦးစီးဌာနမှ တပ်ကြပ် စိုင်းသီဟဦးက ငလျင်လှုပ်ပါက နေထိုင်ပြုမူရမည့် အချက်များကို လက်တွေ့သရုပ်ပြပြီး အထက မိုင်းရယ်မှ ကျောင်းသားများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ယင်းနောက် မြေပြိုပါက ရှာဖွေကယ်ဆယ်ခြင်း၊ မီးလောင်ပါက မီးသတ်ဆေးဘူးဖြင့် လက်တွေ့ငြှိမ်းသတ်ခြင်းနှင့် မီးသတ်စွမ်းရည်များကို သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

ခင်မာလာ (ပြန်/ဆက်)