နေပြည်တော် ၂၇ ဩဂုတ်

"နှလုံးလှစကားသံများ  မျှဝေခံစားကြစို့လား"  ခေါင်းစဉ်ဖြင့် နေရပ်ထံပြန်လာသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အဖွင့်အမှာစကားပြောကြားပြီး World Vision (Myanmar) မှ Operation Director ဦးစိုးကျော်ကျော်က ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လူကုန်ကူးခံရပြီး နေရပ်ထံပြန်လာသူများ၊ World Vision (Myanmar)၊ IOM ၊ JICA တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နေရပ်ထံပြန်လာသူများ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်